summaryrefslogtreecommitdiff
path: root/Build/source/libs/graphite/test/examples/burmese/bh1.utx
diff options
context:
space:
mode:
Diffstat (limited to 'Build/source/libs/graphite/test/examples/burmese/bh1.utx')
-rw-r--r--Build/source/libs/graphite/test/examples/burmese/bh1.utx4
1 files changed, 0 insertions, 4 deletions
diff --git a/Build/source/libs/graphite/test/examples/burmese/bh1.utx b/Build/source/libs/graphite/test/examples/burmese/bh1.utx
deleted file mode 100644
index 9dcaa5c3459..00000000000
--- a/Build/source/libs/graphite/test/examples/burmese/bh1.utx
+++ /dev/null
@@ -1,4 +0,0 @@
-ကျွနှ်ပ်တို့၏ ပျော်ရွှင်မှု၊ သာယာ ၀ ပြောမှုနှင့် အောင်မြင်မှုတို့သည် ကျွနု်ပ်တို့၏ ကျန်းမာခြင်းအပေါ်တွင် အများကြီး မှီခိုနေပါသည်။ ပညာတတ်ရန်၊ ကြွယ်၀ချမ်းသာရန်နှင့် ကြိုးပမ်း လုပ်ဆောင်မှုအားလုံး အောင်မြင်စေရန်အတွက် ကျန်းမာရေးသည် အထူးပင် အရေးကြီးပါသည်။ ကျန်းမာရေးမပြည့်စုံလျှင် ကျွနု်ပ်တို့၏ ပညာရေး၊ စီးပွားရေး မြှင့်တင်မှုလုပ်ငန်းများ လုပ်နိုင်လိမ့်မည် မဟုတ်ပါ။ သို့ဖြစ်၍ အစဥ်သဖြင့် ကျန်းမာနေရန် ကျွနု်ပ်တို့ ကြိုးစားကြရပါမည်။
-ကျွန်းမာရေးနှင့် ပြည့်စုံရန်အတွက် ဆောင်ရွက်ရန် နည်းလမ်းများကို သိရှိလိုက်နာရပါမည်။ အစားအသောက်၊ အအိပ်အနေ၊ လေ့ကျင့်ခန်းနှင့် သန့်ရှင်းမှုတို့သည် ကျန်းမာရေးအတွက် လိုအပ်ချက်များ ဖြစ်ပါသည်။ အစားအစာသည် အသက်ရှင်မှုအတွက် အထူးလိုအပ်ချက် ဖြစ်ပါသည်။ ကျွနု်ပ်တို့သည် အသက် ရှင်နေနိုင်ရန် အစာစားရခြင်းဖြစ်ပြီး စားသောက်ရန် အသက်ရှင်နေခြင်း မဟုတ််ပါ။ ကျန်းမာမှုအတွက် သင့်တော်သည့် ပရိုတိန်း၊ သတ္တုဓာတ်များနှင့် ဗီတာမင်များ များစွာပါ၀င်သည့် အစာများကို ရယူစားသုံးရန် လိုအပ်ပါသည်။ ကျွနု်ပ်တို့နှင့် လျှော်ကန်သင့် မြတ်မည့် အိပ်စက်အနားယူမှုမှာလည်း အရေးကြီးပါသည်။ ကျွနု်ပ်တို့၏ ခန္ဓာကိုယ်မှ ကြွက်သားများနှင့် အသားမျှင်များအား ထိန်းသိမ်းပြုပြင်မှုအတွက် အိပ်စက်ခြင်းနှင့် နားနေခြင်းတို့ အညီအမျှ လိုအပ်ပါသည်။ ထို့ကြောင့် လုံလောက်စွာ အိပ်စက်နားနေရပါမည်။
-ကိုယ်ကာယလေ့ကျင့်ခန်းများနှင့် သန့်ရှင်းမှုတို့လည်း အရေးကြီး လိုအပ်ပါသည်။ လမ်းလျှောက်ခြင်းနှင့် အိမ်တွင်း လေ့ကျင့်ခန်းများသည် အစားအသောက်စားလိုစိတ်နှင့် စိတ်ရွှင်လန်းမှုတို့ကို တိုးပွားစေပါသည်။ တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာမှုကို အထောက်အကူပြုပါသည်။ နေ့စဥ် ရေချိုးခြင်း၊ အစာမစားမီနှင့် စားပြီးတိုင်း လက်များကို စနစ်တကျဆေးကြော ရပါမည်။
-အထက်ပါ ကျန်းမာရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ပါက ကျွနု်ပ်တို့ တစ်သက်တာအတွက် ကျန်းမာရေးနှင့်ပြည့်စုံနေမည်မှာ သေချာပါသည်။ ကျွနု်ပ်တို့ ကျန်းမာနေလျှင် စီးပွားဥစ္စာပြည့်စုံခြင်း၊ ပညာရေးပြည့်စုံခြင်းနှင့် အခြားအောင်မြင်မှုများကို စွမ်းဆောင်နိုင်ပါမည်။ သို့ပါ၍ ကျန်းမာခြင်းသည် ချမ်းသာခြင်းဖြစ်ကြောင်းနှင့် ကျန်းမာခြင်းသည် ချမ်းသာခြင်းထက် ပိုမိုကောင်းမွန်သည်ဟု ဆိုရမည် ဖြစ်ပါသည်။